Pwint Thit Sa Transparency in Myanmar Enterprises, Sixth Report 2020
    	
        December 22, 2020 
		        
		
    ၂၀၂၀ ပွင့်သစ်စ အစီရင်ခံစာ၏ ပွင့်လင်းမြင်သာမှုအရှိဆုံး ထိပ်ဆုံးကုမ္ပဏီများစာရင်းတွင် ဒဂုန်ကုမ္ပဏီများအုပ်စု (Dagon Group) သည် အဆင့် (၁၀) နေရာဖြင့် အဆင့်သတ်မှတ် ဖော်ပြခြင်းခံရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။
ဒဂုန်ကုမ္ပဏီများအုပ်စု (Dagon Group) သည် အစီရင်ခံစာစတင်ထုတ်ဝေသော ၂၀၁၄ ခုနှစ်မှစ၍ ယခု ခြောက်ကြိမ်မြောက်ထုတ်ဝေသော ၂၀၂၀ ခုနှစ် အထိ အစီရင်ခံစာများတွင် ပွင့်လင်းမြင်သာမှုအရှိဆုံး ထိပ်ဆုံးအဆင့် (၁၀) ကုမ္ပဏီအတွင်း နှစ်စဉ် ပါဝင်နိုင်ခဲ့ပါသည်။
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business) နှင့် Yever စီးပွားရေးအကြံပေးကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက် ထုတ်ပြန်သော ပွင့်သစ်စ / မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာရှိမှုဆိုင်ရာ အစီရင်ခံစာ (Transparency in Myanmar Enterprises – TiME) သည် လုပ်ငန်းများ၏ အဖွဲ့အစည်းဆိုင်ရာထုတ်ဖော်ကြေညာချက်များ၊ လုပ်ငန်းများ၏ အုပ်ချုပ်မှု နှင့် ရေရှည် တည်တံ့ခိုင်မြဲမှုကို အလေးထားသည့် ရည်ရွယ်ချက်ဖြင့် ချမှတ်ထားသော စံနှုန်းများဖြင့် တိုင်းတာပြီး လုပ်ငန်းများ၏ ဆောင်ရွက်ချက်များကို အကဲဖြတ်စီစစ်ပြီး နှစ်စဥ်ထုတ်ဝေလျက်ရှိသော အစီရင်ခံစာ ဖြစ်ပါသည်။
၂၀၂၀ ပွင့်သစ်စ အစီရင်ခံစာအား ဖတ်ရှုလိုပါက








