WHAT’S NEW OF
DAGON GROUP

Dagon Group ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးအတွက် COVID-19 ကာကွယ်ဆေးထိုးနှံပေးခြင်း

August 26, 2021
Dagon Group သည် ဝန်ထမ်းများအားလုံး၏ ရပိုင်ခွင့်၊ ခံစားခွင့်နှင့် ကျန်းမာရေးအား အစဉ်လေးစား ဂရုစိုက်ခြင်း အားဖြင့် ယခုဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါပိုးမှ ကာကွယ်ပေးနိုင်ရန် အလို့ငှါ Covid-19 ကာကွယ်ဆေးများကို ကုမ္ပဏီအစီအစဉ်ဖြင့် ဝန်ထမ်းများအားလုံးထိုးနှံပေးခြင်းကို စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။
ကာကွယ်ဆေးထိုးနှံခြင်းကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO နှင့် ကျန်းမာရေး ဝန်ကြီးဌာန MOHS တို့၏ စံသတ်မှတ်ချက်များ၊ Protocol များနှင့်အညီ စနစ်တကျ လုပ်ဆောင်လျှက်ရှိပါသည်။ ထို့အပြင် ကာကွယ်ဆေးထိုးနှံသော အချိန်တွင် ဝန်ထမ်းများအားလုံးကို Social Distancing တိကျစွာလိုက်နာပြီး ထိုးနှံစေရန် စီမံပြီး မိမိတို့ဝန်ထမ်း များအားလုံး ထိရောက်သော ကာကွယ်ဆေး ထိုးနှံပြီးဖြစ်အောင် သြဂုတ်လမှ စတင်ကာ ဆောင်ရွက်လျှက်ရှိပါသည်။
ယခုကဲ့သို့ မိမိတို့ဝန်ထမ်းများ၏ ဘဝအတွက် အရေးပါသော ကျန်းမာရေးစောင့်ရှောက်မှုကို ပေးစွမ်းနိုင်ခြင်း အပေါ် Dagon Group မှ အစဉ်ဖြည့်ဆည်းသွားနိုင်ရန်လည်း ကြိုးပမ်းလျှက်ရှိသည့်အပြင် မြန်မာနိုင်ငံသားအားလုံး ကမ္ဘာ့ကပ်ရောဂါ ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် တတ်နိုင်သမျှနည်းလမ်းဖြင့် COVID ကာကွယ်ရေး ပစ္စည်းများ၊ ကျန်းမာရေးအတွက် ဆေးဝါးများ၊ အောက်စီဂျင်လိုအပ်ချက်များဖြည့်ဆည်းခြင်းနှင့် ရံပုံငွေများကိုလည်း တတ်စွမ်းသမျှ ကူညီပံ့ပိုးလျှက်ရှိပါသည်။
မိမိတို့ဝန်ထမ်းများ ဘေးကင်းလုံခြုံ စိတ်ချရရေးအတွက် ကုမ္ပဏီအစီအစဉ်ဖြင့် ကာကွယ်ဆေး အပြည့်အဝပံ့ပိုးပေးခြင်းအားဖြင့် ကြိုးပမ်း ဆောင်ရွက်လျှက် ရှိကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
 
ဒါရိုက်တာအဖွဲ့
 
ဒဂုန်ကုမ္ပဏီများအုပ်စု